Stories

အရင်တုန်းက

အရင်တုန်းကတော့ တစ်ယောက်ယောက် အဖော်ပြုတာကို သင် မျှော်လင့်ခဲ့ဖူးမှာပေါ့ ။ မတရားတာ တစ်ခုခု ကြုံတိုင်း တစ်ယောက်ယောက်ကို ရှာပြီး သင် ရင်ဖွင့် ငိုချင်ခဲ့မှာပေါ့ ။ 
နောက်တော့ တစ်ယောက်တည်း အလုပ်သွား ၊ တစ်ယောက်တည်း ထမင်းစား ၊ တစ်ယောက်တည်း ခရီးထွက် ၊ တစ်ယောက်တည်း သီချင်း နားထောင်တာကို သင် စလုပ်လာခဲ့တယ် ။ အဲဒီအချိန်ကျမှ တစ်ယောက်တည်းလည်း အဆင်ပြေနေတာပဲလို့ သင် သတိထားမိလာတယ် ။ အရင်တုန်းက ကျင့်သားမရတာတွေ တဖြည်းဖြည်း သင်ကျင့်သားရလာခဲ့တယ် ။

တစ်ယောက်တည်းရဲ့နေ့ရက်က အထီးကျန်ဆန်လွန်းလှတယ်လည်း မဟုတ်ပါဘူး ။ ရတောင့်ရခဲတဲ့ လွတ်လပ်ခြင်း နဲ့ စိတ်ချလုံခြုံစိတ်တောင် ရတတ်သေးတယ် ။

အိပ်ရေးပျက်ခံပြီး ဖုန်းစောင့်ဖို့ မလိုတော့ဘူး ။ ချစ်လား ၊ မချစ်ဘူးလား လို့ တခြားတစ်ယောက်ရဲ့အချစ်ကို သံသယဖြစ်စရာလည်း မလိုတော့ဘူး ။ ကိုယ့်အချိန်အားလုံးကို ကိုယ့်ပေါ်မှာပဲ အသုံးချနိုင်ခဲ့ပြီ ။ ကိုယ် ဝါသနာပါရာတွေ သင်ယူမယ် ။ စာအုပ်တွေ ဖတ်မယ် ။ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်တွေ သွားကြည့်မယ် ။ ကိုယ် ကြိုက်တဲ့ အဝတ်အစားတွေ ဝယ်မယ် ။ ကိုယ့်ကို ပျော်ရွှင်နိုင်မယ့် အရာအားလုံးကို သင် လုပ်နိုင်ပါတယ် ။

နောင်အနာဂတ်တစ်နေ့မှာ ကိုယ့်ကို ချစ်တဲ့သူနဲ့ဆုံရင်တော့ အကောင်းဆုံးပေါ့ ။ မဆုံသေးရင်လည်း ကိစ္စမရှိပါဘူး.... သင်ဟာ အကောင်းဆုံး သင်ပဲ ဖြစ်မြဲဖြစ်နေဆဲဖြစ်ပါတယ် ။

📖 “ ပျော်ရွှင်ဖို့ ဒီလောက်မခက်ခဲပါစေနဲ့ ” စာအုပ်မှ

#ပျော်ရွှင်ဖို့ဒီလောက်မခက်ခဲပါစေနဲ့ 
#နိုင်းနိုင်းစနေ
#TheLibraryOfDream

Comments

Please sign in to comment.